လူတွေ ပျော်ပါးပြီး
ငါ့အပေါ် ရောက်လာကြ။
လူတွေ ပျော်ပါးပြီး
ငါ့အပေါ်က ထွက်သွားကြ။
မရနိုင်တော့တဲ့ အချိန်ကျ
ငါ့ကို တမ်းတကြ။
---
ခုရက်ပိုင်း မအားတဲ့ကြားက ကဗျာလေးတွေ တော်တော်ဖတ်ဖြစ်ပါတယ်။ ပြီးကျ အားနာမိတယ်။ အဲဒီအကြောင်းရေးထားတာပါ။
"သမာသမတ်"
ကိုယ့်စိတ်ခံစားမှုတွေနဲ့
ပြန်ပြန်မျှား
အဟပ်ခံလိုက်ရတဲ့ ကဗျာများ
....
....
အားနာတယ်။
---
ကျွန်မဖမ်းယူ ရရှိခဲ့ဖူးတဲ့ အနက်ရောင် စကားလုံးတွေရဲ့ ထိရှမှုကို မေ့လျော့ကျော်လွန်ပြီး တခါတလေ ရောက်ရောက်သွားတတ်တဲ့ နေရာလေးအကြောင်း ရေးထားတာပါ။
မသွားနဲ့လို့ ပြောမှ
ခြေလှမ်းပြင်နေတဲ့ကောင်
အမှတ်တမဲ့ ရီလိုက်တဲ့ ဟန်မှာတောင်
အဆန်မပါခဲ့။
---
ရင်းနှီးပြီးသားအရာတစ်ချို့ဟာ မရင်းနှီးတော့သလို
သူစိမ်းဆန်စွာ ငါ့ကို ငေးကြည့်နေကြ
တိုက်နေတဲ့လေတောင် ရုတ်တရက်စိမ်းသွားပါရဲ့
စိမ်းလိုက်တာကွယ်..
အစိမ်းရင့်ရင့်ရာသီအိုထဲ ပန်းကလေးတစ်ပွင့် ပျံသန်းလာမယ်ဆိုရင်
အဲဒါ မကြွေတဲ့သစ္စာတရားပေါ့ ညီမလေးရယ်..
ကျန်ရစ်ခဲ့တဲ့ ခြေရာလေးတစ်စုံအပေါ်
လောကဓံကြိုးတစ်ချောင်းက
ဘယ်လိုများချည်နှောင်လိုက်လေသလဲ
ငြင်းဆန်ရခက်ခဲတဲ့ ကျေးဇူးသိတတ်မှုတွေကြားမှာ
ညီမလေး ကိုယ့်ကိုယ်ကို လောင်ကျွမ်းခဲ့ရတာဆိုရင်
အဲဒီအလင်းတန်းကို
ငါ့ရင်ဘတ်ထဲက ဖြတ်သန်းခွင့်ပြုပါ
အိပ်မက်တွေကို မျိုးစေ့ချခဲ့ဖူးတဲ့ ခြေရာလေးနှစ်စုံဟာ
အခုတော့..အေးစက်၊ နာကျင်စွာအေးစက်လို့ပေါ့
မသိတတ်မှုများစွာနဲ့ ငါတို့ကို ကိုက်ခဲထားကြတော့မယ်
တိုက်ခတ်နေတဲ့ လေစိမ်းတွေကြားမှာ
ခုတော့ ..ညီမလေးနဲ့ ငါဟာ...... သူ..စိမ်း..တွေ..လို
အခုတလော ညဘက် ကဗျာလေးတွေ ဖတ်ပြီး နေရတာ အတော်ပဲ ငြိမ်းငြိမ်းချမ်းချမ်း ရှိလှပါတယ်။ ကဗျာဆရာ့စကားယူပြီး ပြောရရင် အကုသိုလ်အနည်းဆုံး စိတ်ကစားမှုပေါ့။
၂၂.၀၁.၂၀၁၂။
၀၂း၂၀ မနက်။
6 comments:
ညိမ်းညိုကဗျာများနဲ့ မွေ့လျော်..
နေမယ်ဆို ပျော်စရာတွေချည်းပါပဲ ဂျူနီယာရေ..
အားနာတယ် ညီမလေးရယ်.. ဟုတ်ပါဘူး မှားလို့ ခင်ရယ် :)ကဗျာလေးတွေ ဖတ်နေတာ အကုသိုလ်အနည်းဆုံး စိတ်ကစားမှု.. ဟုတ်ပ ခင်.. များများ ဖတ်ပြီး ဝေမျှပါဦး..
မီးလဲ စိတ်ကစားချင်လို့ :)
အပေါ်က စိတ်ကစားချင်တဲ့ကလေးမ တိန် မှတ်ပြီလား ခေါင်းခေါက်တာ..
ကောင်းမွန်သော မွေ့လျော်မှုး)
LB
သမာသမတ် ဆိုတာလေး သဘောကျတယ် မဂျူ.။ ဟုတ်တယ်.. ကဗျာလေးတွေဖတ်ပြီး အကုသိုလ်နည်းအောင် လုပ်ရမယ်.။
ချစ်တဲ့
သဒ္ဓါ
မရောက်တာကြာလို့မေ့နေပြီလား
ကဗျာလေးတွေ ဖတ်နေတာ အကုသိုလ်အနည်းဆုံး စိတ်ကစားမှု.-----တဲ့
ဟုတ်တာပေါ့နော်
ကဗျာလေးတွေ ခံစားလို့ကောင်းတယ်
ဟုတ်သားပဲ ကွန်မက်လဲမရှိပါလား
ခုနကရှိနေပါတယ်
ကိုယ်ပျောက်ကွန်မက်ထင်တယ်
ဟားဟား
Post a Comment