The moment of creation itself is fleeting.
[Parker Wilson - Hachiko]
မြေနီမြို့လေးမှာ တွေ့ခဲ့ရတဲ့ မဖမ်းဆုပ်နိုင်တဲ့ အရာတွေအပေါ် ရသလောက် ဖမ်းဆုပ်ပြီး ကျွန်မနဲ့ အတူ ခရီးထွက်ခဲ့တဲ့ ကဗျာအပိုင်းအစလေးတွေပါ။
စိတ်မှန်းနဲ့သာ
ခိုးယူလင်းမြရတော့တယ်။ ။
[မညီမျှခြင်း ၂ - ဧထက်]
---
မြ” အကြောင်း ငါပြောမိလို့
အဲဒီညက ရိပြုံးပြုံးကြ
ထိကရုန်းလို ပြန်ထတဲ့ အထဲ
ငါလည်း ပါမယ် မထင်နဲ့ ရိုစီ။
ကနေ့အတွက် ကြိုခံစားသမျှ
နင့်ကတောက်ကဆတွေနဲ့ ကွယ်ဝှက်
ရေးပြီးတာကို ဖျက်လိုက်တယ်။
ရိုစီ …
ဘဝဟာ
အဲသလိုလည်း
တိုက်ရိုက် အချိုးကျသေးတယ်။
[ရိုစီ - သင်ကာ]
---
မြစ်ကောက်ကွေ့တော့ လူသိပေမယ့်
ပင်လယ်ကောက်တာ မမြင်သာဘူးလေ
ဒီလောကဓံလှိုင်းတွေကြားမှာ
ပေါ်ရကောင်းမှန်းကို မသိတော့တဲ့ကောင် ...
[ပင်လယ် - ဆူးနစ်ရင်]
---
ရေကူးခြင်းဟာ
သိပ်လွယ်လွယ်လေးပဲထင်လို့
ခုန်ချလိုက်မိတာ။
သက်သေပြစရာဆိုလို့လည်း တခြားဘာမှမရှိခဲ့ဘူး။
[မေ့ပစ်လိုက်ပါ - ပိုင်စိုးဝေ]
ပြဇာတ်တစ်ပုဒ်ရဲ့
ကောင်းနိုးရာရာ
တစ်နေရာက' က ပြနိုင်ဖို့
ဇာတ်ပွဲတွေနောက်
(ခုချိန်ထိ)
တစ်ကောက်ကောက် လိုက်နေရတုန်းပေါ့။
[ခပ်ညံ့ညံ့သရုပ်ဆောင် - ခရမ်းပြာထက်လူ]
---
၂၆.၁၂.၂၀၁၁။
၅း၀၂ ညနေ။
2 comments:
ဖန်တီးနေခဲ့တဲ့ အချိန်မှာပဲ ထွက်ပြေးလွတ်မြောက်သွားတဲ့ အရာတွေကတော့ မိုးရေစက်တွေထဲမှာ ....
ဒါလည်း ကဗျာပဲ
ကဗျာတွေ ခရီးထွက်ခဲ့တယ် ဆိုတော့.. ဒီခရီးစဉ်ကို ကဗျာတွေက လှုံ့ဆော်ခဲ့တာများလား.. :D
စကားမစပ် ခင်.. လူဆိုတာ ခံစားချက်ရဲ့အဆုံးစွန်မှုထဲ နစ်မျောနေတုန်းခိုက်မှာ ဖမ်းဆုပ်လို့ရတဲ့ ခံစားချက်၊ ဖမ်းဆုပ်လို့ မရနိုင်တော့တဲ့ ခံစားချက်တွေနဲ့ ပိုနီးကပ်လာတယ် ထင်ပါရဲ့နော်..
အနော်တော့ ကဗျာလေးတွေနဲ့ ဓာတ်ပုံထဲမှာ တစုံတခုကို ဖမ်းဆုပ်မိသွားပါရဲ့ :)
Post a Comment