ဟောဟိုးက
မုတ်သုံဟန်ဆောင်လာတဲ့ ဒုက္ခတိမ်ကိုမှ
ကိုယ်ဘာသာဆွဲပြီး ရွာချပစ်မိတယ်။
သိဟ်ရာသီမွေးတဲ့ ကောင်မလေး
မိုးကြိုက်တာဘာဆန်းလဲ။
သောကတွေစိုစွတ်လာမှ
တယ်လီဖုန်းလေးအောက်ခိုဝင်
ဟိုးအဝေးက အသံနဲ့
လက်ပူတိုက်အခြောက်ခံ
ဒီနှစ်မှပဲ မုတ်သုံခွာတာ နောက်ကျလွန်းတယ်။
လောကဓံကိုက ပူအိုက်လွန်းခဲ့တာပါဆိုတဲ့
အမှန်တရားတစ်ခုအတွက်
ကြယ်လေးတွေကို စီးချင်းမထိုးခိုင်းရက်ဘူး။
နောင်တကိုင်းဖျားမှာ
လုံလုံခြုံခြုံထုပ်ပိုးပြီး ချိတ်ဆွဲခဲ့မယ်
သတိရတိုင်း မော့မော့ကြည့်ဖို့။
စည်းချက်ညီ တိတ်ဆိတ်သွားသော မိုး ... ရေ ...
နောက်တစ်ကွေ့ရောက်ရင် နောက်တစ်ဆင်နဲ့ ရွက်ကုန်ဖွင့်
အသံသာသာရီ
ကြောင့်ကြမှု တစိုးတစီမဖြစ်နဲ့
ရင်ဘတ်ချင်းမတူတဲ့ အခါ
ရီသံဆိုတာ ရထားမဖြစ်တော့ပြီပဲ။
၁၈.၁၀.၂၀၁၁။
၅း၂၅ ညနေ။
Subscribe to:
Post Comments (Atom)
8 comments:
ရီသံတင်မကပါဘူး ရှင်သန်ခြင်းကိုက ရထားမဖြစ်တော့တာပါ ။
ကြယ်လေးတွေ သူဘာသူ တိတ်တိတ်လေး အိပ်နေပါစေ.ဗျာ..
ရင်ဘတ်ခြင်းမတူတဲ့အခါ .. အရာရာ ကွဲပြားကုန်ပြီ။ ဒီလိုနဲ့ တဖြေးဖြေးဝေးကွာသွားတာပါဘဲ ဂျူနီယာရေ..
ကြောင့်ကြမှု မရှိပါဘူး ခင်ရယ်.. ရင်ဘတ်ချင်းမတူမှတော့ ရထားဖြစ် မဖြစ် ဂရုမစိုက်သင့်တော့ဘူး မဟုတ်လား..
ဟုတ်တာပေါ့ ဆင်းရဲ ချမ်းသာမရွှေး
လောကရဲ့အပူကိုတော့ခံရမှာပဲ
လောကဓံကိုက ပူအိုက်လွန်းခဲ့တာပါဆိုတဲ့
အမှန်တရားတစ်ခုအတွက်......
ကြိုက်တယ်စာသားလေးတွေကို
ကဗျာရေးသူဟာ သိမ်သိမ်မွေ့မွေ့လေးနဲ့ သူ့ကိုယ်သူ နာမ်စားတစ်ခုယူသွားသေးတာ..။
စကားလုံးတွေ တစ်လုံးချင်းစီမှာ ပျော့ပျောင်းညင်သာမှု နှင့်အတူ နာကျင်၊ပင်ပန်း၊ကြည်နူးသာယာစိတ်တွေပါ ခံစားမိတယ်။
ဒါမိုး ဂျူနီယာပြန်လာသော ကဗျာတွေ များများရေးထွက်နိုင်ပါစေသား။ :P
ရီသံတင်မကပါဘူး ရှင်သန်ခြင်းကိုက ရထားမဖြစ်တော့တာပါ ။ .. ရက်စ် . သိပ်သေချာတာပေါ့..
ဒီတစ်ပုဒ်လည်းကြိုက်တယ် ...
LB
ပြန်ရှာရင်ကော အရင်လို အရောင်တွေတောက်နေဦးမှာလား မှိန်ဖျော့နေတဲ့ အနားသတ်တွေ စုတ်ဖွါနေတဲ့ ကော်ဇောခင်းလို ဖြစ်နေလောက်ပါပီ လေ ပြန်မရှာတော့ပါဘူး ကျပျောက်သွားတဲ့ ဘ၀ကြီးကို
Post a Comment