နောက်ဆုံးအကြိမ် သူ့ မျက်နှာကို ဖြတ်ရိုက်လိုက်ဖို့ ရည်ရွယ်သော်လည်း မအောင်မြင်။
'ကျွန်မ ရှင့်ကို စိတ်နဲ့ပဲ ပြန်ရိုက်ခဲ့မယ်' ဟူ၍သာ တစ်ခွန်းထဲ ပြောပြီး သူမတောင်ကုန်းလေးပေါ်မှ အပြေးဆင်းလာမိခဲ့သည်။
သူကိုယ်တိုင် စိုက်ပျိုးထားသည်မဟုတ်သော်လည်း 'ဒါ မင်းအတွက် ကိုယ်ဆွဲထားတဲ့ ပန်းချီကား' ဟု သူ အတည်အခန့် ပြောဖူးသော တောင်ကုန်းလေးပေါ်ရှိ ပန်းခင်းထဲမှပန်းအချို့ သူမ ခြေထောက်အောက်တွင် ကျိုးကြေမွကျန်ရစ်ခဲ့သည်။
ရင်ဘတ်ထဲရှိ အရာအားလုံး ဆွဲထုတ်သွားသလို ..
မဖြစ်နိုင်ဘူးဆိုသော အသိတစ်ခုအောက်တွင် အရာအားလုံး အဆုံးသတ်သွားခဲ့ပါသည်။
အိမ်မက်က လန့်နိုးလာတော့ သူမပင်ပန်းကြီးစွာ ..
ရှိုက်ကြီးတငင်ငိုမိခြင်းသည် ပထမဆုံးအကြိမ် မဟုတ်တော့။
---
---
ဘယ်သူ့ကိုမှ အသိမပေးဘဲ သူ မြို့လေးမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သောအခါ မြို့လေးက ပိုမိုတိတ်ဆိတ်စွာ သူမရင်ထဲ၌ ကျန်ရစ်ခဲ့သည်။ နောက် .. အဲလိုအိမ်မက်မျိုးထဲတွင်သာ သူ့ကို (နာနာကျည်းကျည်းပဲ ဖြစ်ဖြစ်) တွေ့ဆုံနိုင်ခွင့်ရှိတော့သည်။
အဲနောက်ပိုင်းတော့ သူမ ဟက်ဟက်ပက်ပက်မရယ်မောဖြစ်တော့။။
အရင်က သည်းမခံနိုင်သော လူများ၏ စကားများကိုလည်း လက်ခံနားထောင်ဖြစ်သည်။
(တခါတလေတော့ သူမစိတ်တွေ သူတို့ဆီမှာ မရှိတာ ၀န်ခံပါသည်။)
မေမေနှင့် အတိုက်အခံလုပ်တာတွေ သိပ်နည်းသွားသည်။
အရင်က မလုပ်ချင်၍ မလုပ်ဖြစ်သော အရာများကို လုပ်ဖြစ်လာသည်။
လူကြီးများက သူမကို လိမ္မာလာပြီ၊ ရင့်ကျက်လာပြီ၊ လူကြီးဆန်လာပြီဟု ပြောဆိုသံများ ကြားရပြီး
လူငယ်များကတော့ အသည်းကွဲနေသည်ဟု ဆိုကြပါသည်။
လူများကို ထင်မြင်ချက်လွယ်လွယ်ပေးပြီး ၄င်းထင်မြင်ချက်များ၏ အဓိပ္ပါယ်ကိုပင် စိုးစဉ်းမျှ မသိသော သူတို့၏ ထင်မြင်ချက်များကို ဘယ်လိုမှပင် မခံစားရ။
တခုပဲရှိသည်။ အသည်းကွဲခြင်း ဆိုသည်မှာ စိတ္တဇနာမ်တစ်ခုဖြစ်သည်ကိုတော့ ၄င်းတို့အား သိစေချင်ပါသည်။
သူမကို ဘာမှ မပြောသော မေမေကိုသာ ကျွန်မ ကျေးဇူးအလွန်တင်မိပါသည်။ နှုတ်ဆိတ်နေသော်လည်း မေမေ စောင့်ကြည့်နေသည်ကိုတော့ သူမခံစား၍ရပါသည်။
သူမနှင့်အတူ မြို့လေးရှိ ရာသီဥတု အနည်းအကျဉ်းမျှ လိုက်လံပြောင်းလဲလာခဲ့သည်။
တောင်ကုန်းလေးပေါ်က ပန်းလေးတွေ မပွင့်တော့။
---
---
ဂျက်ကီက သူမကို ဦးခေါင်းနှင့် တိုးဝှေ့ ပွတ်သပ်လိုက်တော့မှ သူမ အတွေးအိမ်ထဲမှ ထွက်ခွာခွင့်ရတော့သည်။
သူမဘ၀တွင် အတွယ်အတာဆုံးသော သူ နှင့် ဒေစီ သည် သူမထံမှ ရှေ့ဆင့် နောက်ဆင့် ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပြီးနောက် ဂျက်ကီက မောင်နဲ့အတူ ကျွန်မဘ၀ထဲကို ရောက်လာသူဖြစ်သည်။
ဒေစီကခွေးမလေးဖြစ်သည်။ သို့သော် ဂျက်ကီက ဒေစီနှင့် မတူ အထူးပင်လိမ္မာသည်။ ဒေစီက ညစ်တီးညစ်ကျယ်နှင့်။ ခွေးမလေးဖြစ်သော်လည်း ခွေးထီးလေးတစ်ကောင်လို ဆိုးသည်။ နေမကောင်း နေချိန်များဆို သူမကို ပြန်၍ပင် ကိုက်ချင်သေးသည်။
သူနှင့် ဒေစီသည် ဆိုးနွဲ့ခြင်းဟူသော မာယာတစ်မျိုးဖြင့် တွယ်နှောင်ရစ်ရာ၌ ကျွမ်းကျင်ကြသူများဖြစ်သည်။
ဂျက်ကီ က ပို၍ လိမ္မာသော်လည်း သူမ ဒေစီ့ကိုသာ ပိုချစ်သည်ကို ၀န်ခံပါသည်။ တွေးနေတုန်း ဂျက်ကီလေး ၀မ်းနည်းသွားမလားဟု လှမ်းကြည့်မိသည်။
ခံစားသိ၌ တစ်ခါတစ်ရံ သူတို့က လူတွေထက်သာသည်လေ။
---
---
မောင် အနားရောက်လာသောအခါ ပြန်လည်ထွက်ခွာလာသော အတိတ်မြက်ခင်းစိမ်းပေါ်၌ သူမခြေတစ်ဖက် ကျန်ရစ်နေတုန်းဖြစ်သည်။
သူမမျက်ဝန်းတွေထဲ ထဲထဲဝင်ဝင်လိုက်ခံစားတတ်သူမို့ မောင် သိများသွားပြီလားဟု မစိုးရိမ်ဘဲ စိတ်မကောင်းဖြစ်မိသည်။
အရိပ်အရောင်တစ်ခုခုများ မောင့်မျက်စိထဲမှာရှိလေမလား။
မောင့် မျက်လုံးများက ပုံမှန်အတိုင်း ကြည်လင်အေးမြလျှက်။
ဆက်စပ်တွေးခေါ်ခြင်းနှင့် အလွယ်တကူမယုံကြည်နိုင်ခြင်း ဟူသော ကျွန်မ၏ အဇ္ဈတ္တတို့ကြား ကျွန်မသည်လည်း မောင့်ရဲ့ ဂျက်ကီလေး ဖြစ်နိုင်သည်ဟု တွေးပြီးပြုံးမိသည်။
မောင်ကတော့ သူ့ကို ပြန်ပြုံးပြသည်သာ ထင်နေတော့သည်။
---
၀၈.၀၈.၂၀၁၁။
၆း၁၄ ညနေ။

(ငှက်ခါး
ဒဏ်ရာများတဲ့ ကောင်းကင်လား?
အဝေးတွင်သာ အပျံသင်ချင်ခဲ့သူ။)

(တခါတလေ ရာသီပြောင်းရုံမဟုတ်ဘဲလည်း
ပန်းတွေကြွေတယ်။)
ပန်းတွေကြွေတယ်။)
---
ဂျက်ကီက သူမကို ဦးခေါင်းနှင့် တိုးဝှေ့ ပွတ်သပ်လိုက်တော့မှ သူမ အတွေးအိမ်ထဲမှ ထွက်ခွာခွင့်ရတော့သည်။
သူမဘ၀တွင် အတွယ်အတာဆုံးသော သူ နှင့် ဒေစီ သည် သူမထံမှ ရှေ့ဆင့် နောက်ဆင့် ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပြီးနောက် ဂျက်ကီက မောင်နဲ့အတူ ကျွန်မဘ၀ထဲကို ရောက်လာသူဖြစ်သည်။
ဒေစီကခွေးမလေးဖြစ်သည်။ သို့သော် ဂျက်ကီက ဒေစီနှင့် မတူ အထူးပင်လိမ္မာသည်။ ဒေစီက ညစ်တီးညစ်ကျယ်နှင့်။ ခွေးမလေးဖြစ်သော်လည်း ခွေးထီးလေးတစ်ကောင်လို ဆိုးသည်။ နေမကောင်း နေချိန်များဆို သူမကို ပြန်၍ပင် ကိုက်ချင်သေးသည်။
သူနှင့် ဒေစီသည် ဆိုးနွဲ့ခြင်းဟူသော မာယာတစ်မျိုးဖြင့် တွယ်နှောင်ရစ်ရာ၌ ကျွမ်းကျင်ကြသူများဖြစ်သည်။
ဂျက်ကီ က ပို၍ လိမ္မာသော်လည်း သူမ ဒေစီ့ကိုသာ ပိုချစ်သည်ကို ၀န်ခံပါသည်။ တွေးနေတုန်း ဂျက်ကီလေး ၀မ်းနည်းသွားမလားဟု လှမ်းကြည့်မိသည်။
ခံစားသိ၌ တစ်ခါတစ်ရံ သူတို့က လူတွေထက်သာသည်လေ။
---
(ပျော်ရွှင်ခြင်းကို ထီးမိုးရှာခဲ့ ..
နေရောင်တွေက ထိုးတယ်ကွယ်။)
နေရောင်တွေက ထိုးတယ်ကွယ်။)
---
မောင် အနားရောက်လာသောအခါ ပြန်လည်ထွက်ခွာလာသော အတိတ်မြက်ခင်းစိမ်းပေါ်၌ သူမခြေတစ်ဖက် ကျန်ရစ်နေတုန်းဖြစ်သည်။
သူမမျက်ဝန်းတွေထဲ ထဲထဲဝင်ဝင်လိုက်ခံစားတတ်သူမို့ မောင် သိများသွားပြီလားဟု မစိုးရိမ်ဘဲ စိတ်မကောင်းဖြစ်မိသည်။
အရိပ်အရောင်တစ်ခုခုများ မောင့်မျက်စိထဲမှာရှိလေမလား။
မောင့် မျက်လုံးများက ပုံမှန်အတိုင်း ကြည်လင်အေးမြလျှက်။
ဆက်စပ်တွေးခေါ်ခြင်းနှင့် အလွယ်တကူမယုံကြည်နိုင်ခြင်း ဟူသော ကျွန်မ၏ အဇ္ဈတ္တတို့ကြား ကျွန်မသည်လည်း မောင့်ရဲ့ ဂျက်ကီလေး ဖြစ်နိုင်သည်ဟု တွေးပြီးပြုံးမိသည်။
မောင်ကတော့ သူ့ကို ပြန်ပြုံးပြသည်သာ ထင်နေတော့သည်။
---
၀၈.၀၈.၂၀၁၁။
၆း၁၄ ညနေ။
7 comments:
ချစ်စရာ အက်ဆေးလေးပါလား ဂျူရေ...
ခုလိုအရေးအသားလေးတွေ ဖတ်လိုက်ရတော့လည်း ရင်ထဲ ဆွတ်ဆွတ်ကျင်ကျင်ခံစားလိုက်ရတယ်.
အရမ်းသဘောကျမိတယ်မဂျူနီယာ။ ရင်ထဲမှာတမျိုးလေးပဲ.။ ဓါတ်ခံရှိတော့လည်းခံစားရတာပေါ့။
ခင်မင်လျက်
သဒ္ဓါ
ဒီစာဖတ်ပြီး မောင့်ကိုမမုန်းပါဘူး။ သူ့အစားစိတ်မကောင်းပဲဖြစ်မိပါရဲ့.။..။
နာကျင်ခါးသက်တဲ့အရာတွေကို နူးညံ့ချိုမြိန်တဲ့အရာတွေထက် လူ့စိတ်က မေ့ဖျောက်ရခက်တယ် ။
စာမရေးတာကြာလို့ ထင်ပါတယ် ။ အောက်ကမြင့်တွေ စာလုံးနဲ့ သွားထပ် ထပ် နေတယ် ... :D
@ချောရေ .. မရေးတာကြာနေတဲ့လူဆီ တကူးတက စာလာလာဖတ်တာ ကျေးဇူးနော်။း)
@သဒ္ဓါရေ .. အဲဒီဓါတ်ခံလေးအကြောင်း ရေးပါဦး။ :D
@မှန် .. အသည်းနှလုံးကလဲ နုပါ့။ :P
@ကိုလဒပ .. ဟုတ်မယ်။ မရေးတာကြာလို့ထင်တယ်။ စာလုံးပေါင်းတွေ ပြန်ပြန်စဉ်းစားနေရတယ်။ ဟီး ..
သူမက ပျောက်ဆုံးသွားတဲ့အတိတ်ကို ပိုခင်မင်တွယ်တာနေတတ်တယ်လို့ စွပ်စွဲမိတဲ့ စိတ်နဲ့အတူ ကိုယ်က အသနားဓာတ်ခံရှိတော့ မောင့်ကို သနားမိတယ်.. ဂျက်ကီလေးကိုလဲ သနားမိပြန်ရော..
ဥပမာ အေမီ့ကို ဂျက်ဂျက်ထက် ပိုချစ်တယ်လို့ပြောတော့ ဂျက်ဂျက်ကြားမှာကို စိုးရိမ်သလိုမျိုးပေါ့ :D
ရက်စ် အနော်လေးကို အပြတ်ထောက်ခံတယ် :D
LB
Post a Comment