Monday, May 9, 2011

Mr. Men နဲ့ Little Miss တို့ဖန်တီးရှင် (သို့) ရော်ဂျာ ဟားဂရီးဗ်စ်

google logo ဟာ အထိမ်းအမှတ်နေ့တွေ ကို လိုက်ပြီး ပြောင်းလဲတတ်တာ လူတိုင်းအသိပါ။ ဒီနေ့ google မှာ ထူးထူးခြားခြား ချစ်စရာအရုပ်ကလေးတွေ တွေ့ရပါတယ်။ ပိုထူးခြားတာက ခါတိုင်းလိုမဟုတ်ဘဲ တခုပြီးတခု ပြောင်းနေတာပါ။ အဲဒါနဲ့ စိတ်ဝင်စားပြီး ရော်ဂျာ့ အကြောင်းကို ရှာဖတ်ကြည့်မိပါတယ်။ နောက်ပြီး စိတ်ပြေလက်ပျောက် ပုံလေးတွေကို print screen ဖမ်းပြီး မျှဝေလိုက်ပါတယ်။
တချို့ကာတွန်းချစ်သူတွေ သိပြီးသားဖြစ်ပါလိမ့်မယ်။ ကာတွန်းလေးတွေဟာ အပြစ်ကင်းပြီး ချစ်ဖို့ကောင်းပါတယ်။

....

Mr.Men နဲ့ Little Miss တို့ဖန်တီးရှင် ရော်ဂျာကို ၁၉၃၅ ၊ မေလ၊ ၉ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။
ဗြိတိသျှလူမျိုးတစ်ဦးဖြစ်တဲ့ ရော်ဂျာဟာ ကလေးစာပေတွေ ရေးသားခဲ့ပြီး သူ့ရဲ့ ကာတွန်းစာအုပ်တွေဟာ ကမ္ဘာနဲ့အ၀ှမ်းမှာ ဘာသာပေါင်း၂၀နဲ့ ပြန်ဆိုခံခဲ့ရပြီး ၈၅ သန်းခန့် ရောင်းချခံခဲ့ရပါတယ်။

သူ့ရဲ့ အစောပိုင်းကာလတွေမှာ သူ့အဖေရဲ့ စီးပွားရေးမှာ ကူညီလုပ်ကိုင်ပေးခဲ့ပေမယ့် သူ့ရဲ့ အဓိက အိမ်မက်ကတော့ ကာတွန်းပညာရှင်တစ်ယောက်ဖြစ်ဖို့ပါတဲ့။

အဲလိုနဲ့ ၁၉၇၁မှာ သူ့ရဲ့ ပထမဆုံး Mr. Men စာအုပ်အတွက် Mr. Tickle ဇာတ်ကောင်ကို ဖန်တီးရေးသားခဲ့ပါတယ်။ အစောပိုင်းမှာ ထုတ်ဝေသူရှာဖွေတဲ့နေရာမှာ အခက်အခဲတွေရှိခဲ့ပေမယ့် ထုတ်ဝေပြီးတဲ့နောက်ပိုင်းမှာတော့ အလွန်တရာအောင်မြင်ခဲ့ပြီး ၃နှစ်အတွင်းမှာ ကာတွန်းစာအုပ်ပေါင်း တသန်းခန့် ရောင်းချနိုင်ခဲ့ပါတယ်။

၁၉၇၆မှာ သူ့ရဲ့လက်ရှိအလုပ်ကနေထွက်ခဲ့ပြီး ၁၉၈၁ခုနှစ်မှာတော့ Little Miss ကာတွန်းစီးရီးကို ထုတ်ဝေခဲ့ပါတယ်။ အခြား ကလေးပုံပြင်အမြောက်အမြားကို ရေးသားခဲ့ပေမယ့် ရော်ဂျာဟာ Mr. Men ကာတွန်း ၄၆အုပ်နဲ့ Little Miss ကာတွန်း ၃၃အုပ်တို့ရေးသားသူအဖြစ်နဲ့သာ ပိုပြီး လူသိများခဲ့ပါတယ်။ ရော်ဂျာရဲ့ အောင်မြင်ကြော်ကြားလှတဲ့ Mr. Men ရော၊ Little Miss ကာတွန်းစီးရီးနှစ်ခုလုံးကို ကာတွန်းရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခြင်း ခံခဲ့ရပါတယ်။

မိသားစုဘ၀အနေနဲ့ ဇနီးဖြစ်သူ ခရစ်(စ)တင်းနဲ့ အဒမ်၊ ဂေးလ်စ နဲ့ အမြွှာကလေးတွေဖြစ်တဲ့ ဆိုဖီ နဲ့ အန်မလီယာ တို့ကို မွေးဖွားခဲ့ပါတယ်။

သူ့ရဲ့ ပထမဆုံးဇာတ်ကောင်ဖြစ်တဲ့ Mr. Tickle ကို သူ့ရဲ့ သား အဒမ့်ရဲ့ မေးခွန်းကိုဖြေရင်းနဲ့ စိတ်ကူးရပြီး ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ကလေးတစ်ယောက်အတွက် inspiration ကနေပြီး ကလေးအားလုံးအတွက် ကာတွန်းဇာတ်ကောင်တစ်ခုကိုဖန်တီးနိုင်ခဲ့တာပါ။

ရော်ဂျာဟာ ၁၉၈၈ခုနှစ်မှာ ရုတ်တရက်လေဖြတ်ပြီး ဆုံးပါးသွားခဲ့ပါတယ်။ ရော်ဂျာဆုံးပါးသွားခဲ့ပြီးတဲ့နောက် သားဖြစ်သူ အဒမ်ဟာ Mr. Men နဲ့ Little Miss ကာတွန်းစီးရီးတွေကို ဆက်လက်ရေးသားခဲ့ပါတယ်။
ဝမ်းနည်းဖို့ကောင်းတာ တခုကတော့ ရော်ဂျာရဲ့ ဇနီးဖြစ်သူ ခရစ်(စ)တင်းဟာ ၂၀၀၄ခုနှစ်၊ ဧပြီလမှာ Mr. Men ရဲ့ မူပိုင်ခွင့်ကို ဗြိတိန်ရဲ့ ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Chorion ကို ပေါင် ၂၈သန်းနဲ့ အပြီးအပိုင် ရောင်းချခဲ့တာပါပဲ။

အောက်မှာ သူ့ရဲ့ ကာတွန်းဇာတ်ကောင်လေးတွေနဲ့ google က လုပ်ထားတဲ့ အထိမ်းအမှတ်ပုံလေးတွေပါ။









3 comments:

mirror said...

ကာတွန်းဆိုတာတော့ နဲနဲ အလှမ်းဝေးတယ်။ ဝေးဆို တော်တော်ဝေးလို့ ဘာမှမပြောတတ်ပါဘူး။ ဒါမယ့် ...

လမ်းကြိတ်စိတ် မောင်းနေတဲ့ပုံရယ်၊
ပါးမှာ ဗျစ်ထနေပြီး ဆံပင်ခွဲစီးထားတဲ့ပုံရယ်..
ပတ်တီးတွေ ဗရပွနဲ့... ခေါင်းမူးနေတဲ့ပုံရယ် ..
တအားကြိုက်ပဲ ဗျို့..။

Arthur ကား အကြောင်းလေးလဲ Review လုပ်ပါဦးဗျို့..။

ရွှေပြည်သူ said...

Little Miss ရုပ်လေးတွေကို တအားချစ်လို့ သူတို့ပုံပါတဲ့ အင်္ကျီလေးတွေ ဝယ်ဖြစ်တယ် မး)) ဗဟုသုတ ဖတ်ရလို့ ကျေးဇူးအများကြီးတင်ပါတယ်။

LB said...

တခါတခါတော့ အဲ့လိုစိတ်ကူးယဉ်မိတယ်