ပြီးခဲ့တဲ့ နှစ်ချုပ်စာရင်းကိုကြည့်တော့
အနှုတ်ဂဏန်းတွေချည်း မြင်ရ။
စာမျက်နှာဟောင်းတွေထဲက
သနားကြင်နာတတ်ခြင်းနဲ့ နားလည်တတ်ခြင်းတို့ဟာ
ကိုယ့်ကို ပြန်ငေးကြည့်နေလိုက်တာများ
'ဘယာနက' ရသ မြောက်လို့။
ခက်တာက
နှလုံးသားနဲ့
ယိုယွင်းနေဆဲ ဦးနှောက်ထဲမှာတောင်
တစ်ချို့ အမှတ်သညာတွေက
တစ်ဘ၀စာခံနေသေးတာ။
လက်ကျန် Mutual Respect လေးတောင် ကြောက်ဒူးတွေတုန်လို့။
အပြောင်းအလဲတွေက လူကို လာရောက်ရိုက်ခတ်ဆိုလား ..
ဒါဟာလဲ အကြောင်းပြချက်တစ်ခုပါ မေမေ။
သမီးကို တချက်လောက် လာငေါက်လှဲ့ပါ။
၂၂.၀၅.၂၀၁၁။
၁း၂၅ ညနေ။
Subscribe to:
Post Comments (Atom)
7 comments:
နှစ်ချုပ်စာရင်းမှာ အနှုတ်တွေချည်းပဲဆိုတော့..
ကြည့်ရတာ..ကဗျာဆရာမကလဲ အသုံးကြမ်း၊
စာရင်းလုပ်ပေးတဲ့သူကလဲ သတိမပေးပဲနေမိလို့ နေမယ်။ :D
ပြီးတော့ တစ်ဘ၀စာ မခံဖို့ ခဲဖျက်ကြီးကြီးယူပြီး အဲ့ဒီ အမှတ်သညာတွေကို ဖျက်ပါလေ..။ :)
ဖတ်လို့ဖြင့် မ၀ဘူး။ ဒီလိုကဗျာမျိုးက ၆ ပိုဒ်လောက်ရေးရင် ပိုလှသွားမလားပဲ။
ရင်ထဲမှာ စွဲထင်သွားစေတဲ့ ကဗျာလေးမို့
အထပ်ထပ်ဖတ်မိပါတယ်။
ခင်မင်လေးစားလျက်
သဒ္ဓါ
မွေးနေ့များလား ဂျူနီယာရေ..
ယနေ့မှစ ပျော်ရွှင်သာယာသော ဘ၀လမ်းကို လျှောက်လမ်းနိုင်ပါစေနော်။
ပိုးစားခြကိုက်တဲ့ စာမျက်နှာတွေကလည်း ကိုယ့်ဘ၀အတွက် သင်ခန်းစာယူစရာ အသိတရားရစရာလေးတွေ ကျန်ခဲ့မှာပါ။
ပျော်ရွှင်ချမ်းမြေ့ပါစေ
ပြီးခဲ့တဲ့ နှစ်ချုပ်စာရင်းမှာ အနှုတ်ဂဏန်းဆိုတော့
ဒီနှစ် နှစ်ချုပ်ရင် အပေါင်းလက္ခဏာ အမြတ်ပါ တိုးပါစေ ချစ်ရေ..
“အပြောင်းအလဲတွေက လူကို လာရောက်ရိုက်ခတ်ဆိုလား ..
ဒါဟာလဲ အကြောင်းပြချက်တစ်ခုပါ မေမေ။”
ဟုတ်တယ်... ခုတလော အဲဒါဟာ အကြောင်းပြချက်လို့ မြင်မိတယ် မမ jr။ အတူတူပါပဲ... ဒီမှာလည်း နှစ်ချုပ်စာရင်းမှာ အနှုတ်လက္ခဏာတွေနဲ့...
ပိုးမစား ခြမကိုက်သေးတဲ့ အပိုင်းမှာပဲ ရေးစရာရှိတာ ဆက်ရေးရမှာပေါ့ ... မဟုတ်ဘူးလား :))
"ဒါဟာလဲ အကြောင်းပြချက်တစ်ခုပါ မေမေ။
သမီးကို တချက်လောက် လာငေါက်လှဲ့ပါ"
အဲဒါ ရင်ကို ပြင်းပြင်းထန်ထန် လာထိတယ် မဂျူနီယာ.။ တခါတလေ လောကထဲမှာ ကိုယ်ရှိနေမှန်း သိနေရအောင် အငေါက်ခံချင်တယ်လေ..။
Post a Comment