Tuesday, May 17, 2011

လတ်တလော စိတ်ဆန္ဒများ

အနော်လေးရဲ့ တဂ်ပို့စ်။ အနော်လေးရေ .. ရေးပြီးစိတ်ထဲ ပေါ့ပေါ့ပါးပါးဖြစ်သွားလို့ ရှဲရှဲနီ။ ဝေါအိုက်နီ။ :P

---

(1) အစားချင်ဆုံးအစားအစာ - ကိုရီးယားကင်ချီထမင်းကြော် (မနေ့က ဇာတ်လမ်းထဲမှာ တွေ့လို့)

(2) နေ့တိုင်းစားဖြစ်တဲ့အစား - ထမင်းနဲ့ဟင်း။ နောက် ကာပီ .. =)

(3) အလိုချင်ဆုံးရေမွှေး - Pleasure

(4) သုံးဖြစ်နေတဲ့ရေမွှေး - မရှိ။ ဘကြိုင် (ဘိုင်ကျ) နေသဖြင့် မ၀ယ်နိုင်။ =)

(5) အလိုချင်ဆုံးမွေးနေ့လက်ဆောင် -မွေးနေ့မှာ မနက်စောစော မိသားစုနဲ့ ရွှေတိဂုံဘုရားသွားရရင်။

(6) အလိုချင်ဆုံးဖုန်း - မရှိ။

(7) သုံးဖြစ်နေတဲ့ဖုန်း - ရုံးက ပေးထားသော iPhone။

(8) အရူးသွပ်ဆုံးအရာ - မရှိ။

(9) အနီးစပ်ဆုံးဂီတ - မျိုးစုံ။ ရေဒီယိုက ကိုယ်ကြိုက်တာ ရွေးလို့မှ မရတာ။ လွှင့်တာနားထောင်။း)

(10) အလိုချင်ဆုံးစာအုပ် - ရှိတယ် .. "တောင်သမန်အင်းမှာ လေညင်းဆော်တော့" လားမသိဘူး။ နှစ်အုပ်တွဲ။ စာအုပ်နာမည် သေချာ မမှတ်မိဘူးဖြစ်နေတယ်။

(11) အခုဖတ်ဖြစ်နေတဲ့စာအုပ် - ခေါင်းအုံးဘေးမှာတော့ 'မောင်ဗလ အလွမ်းပြေ အမှတ်တရစာစုများ' နဲ့ 'ပိတောက်ပွင့်သစ်' တွေ့တာပဲ။ လူများဟာ ကပ် ဖတ်ရတာ။ =)

(12) အကြားချင်ဆုံးစကား - "သမီးငယ်"

(13) အဖြစ်ချင်ဆုံးဆန္ဒ - ခုလောလောဆယ်တော့ တစ်မိသားစုလုံးနဲ့ ခရီးထပ်ထွက်ချင်တာ။

(14) အလိုချင်ဆုံးဆု - "အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော" - အဲဒုက္ခနှစ်ခုနဲ့ ကင်းဝေးချင်တာ။

(15) အသွားချင်ဆုံးနေရာ - Venice - Italy

(16) သွားဖြစ်နေတဲ့နေရာတွေ - Esplanade နားမရောက်ခင် ကမ်းနားဘောင်လေးမှာ။ နေကြာစိကိုက်။ ကိုယ့်အတွေးနဲ့ကိုယ် တိတ်တိတ်ကလေး ထိုင်ကြ။ တခါတလေတော့လဲ ရောက်တတ်ရာရာပြော။

(17) အကြည့်ချင်ဆုံးရုပ်ရှင် - မုန်းရခက်ကြီး (ကျော်သူ၊ မေဆွိ)။

(18) အပြောချင်ဆုံးစကား - One man's meat is another man's poison.

(19) အယုံကြည်ဆုံးလူသား - မရှိ။

(20) မယုံကြည်ဆုံးအရာ - မရှိ။ (တကယ်က ချစ်ခြင်းမေတ္တာ။ ဒါမဲ့ မယုံဘူးဆို ဒဏ်သင့်မယ်ဆိုလို့) =)

(21) အမုန်းဆုံးအရာ - Two-faced ppl။ တကယ်တမ်းကျတော့လဲ အဲထက်တောင် များကြသေးတာပဲလေ။

(22) အသောက်ဖြစ်ဆုံးအအေး - ကိုလာ ထင်တာပဲ။

(23) လတ်တလောအထိတွေ့ဆုံးအရာ - Culinaries - ပိုက်ဆံကုန်သက်သာအောင် ချက်ပဲစားနေလို့။ =)

(24) မကောင်းတဲ့ကျန်းမာရေး - ညာဘက်အောက်က အံသွား။

(25) အကောင်းဆုံးအဖော် - လောလောဆယ်တော့ ဘေးနားမှာ။

(26) လက်ရှိအကြိုက်ဆုံးသီချင်း - Avril Lavigne - Wish You Were Here

(27) အကြောက်ဆုံးအလုပ် - မရှိ။ မကောင်းဘူးထင်ရင်တော့ မလုပ်ပါ။

(28) တန်ဖိုးအထားဆုံးအရာ - မိသားစု။ သွေးနဲ့ချည်တာထက် မြဲတဲ့ကြိုး ဘယ်ရှိမှာလဲ။

(29) အကြောက်ဆုံးတိရိစ္ဆာန် - ဖား။

(30) တွေ့ဖြစ်နေတဲ့ဘလော့ဂါတွေ - မကြေးမုံ ကိုလင်းဒီပ။ :lol

(31) အပြင်သွားတိုင်းပါတဲ့ပစ္စည်း - MRT card၊ Phone၊ Money။

(32) သွားဖြစ်နေတဲ့နေရာတွေ - (16) မှာ ကြည့်လိုက်နော်။ =)

(33) စိတ်အညစ်ဆုံးအချိန် - Depression ၀င်နေချိန်ပေါ့။ အဲအချိန်ဆို ဘယ်သူဘာပြောပြော၊ ဘာကြီးပဲဖြစ်ဖြစ် လောကကြီးက မသာယာဘူးမလား။ မှတ်ချက် - မဖြစ်တာတော့ အတော်ကြာပြီ။ (ဖွ .. ဖွ)

=)

(34) အနေချင်ဆုံးနေရာ - အိမ်မှာ။ အမေ့အိမ်ပဲဖြစ်ဖြစ်၊ ခဏခိုနားနေရတဲ့ ခရုခွံထဲမှာပဲဖြစ်ဖြစ် အိမ်မှာနေရတာပဲကြိုက်တယ်။ I'm Home ဆိုပြီး သိနေရတာကို ကြိုက်တယ်။

(35) ကြားလိုက်မိတဲ့ဟာသလေးတစ်ခု - ဟိုနေ့က အီးမေးလ်ထဲရောက်လာတာ .. ရေကူးကန်ဘေးက သားအမိနှစ်ယောက် အကြောင်း။ ကောင်းတော့မကောင်းဘူး။ ဒါပေမယ့် ရီရတယ်။

(36) ပေးချင်တဲ့သတင်းတစ်ခု - ဟိုနေ့က အပင်လေးတပင်ဝယ်ပြီး စိုက်ထားတယ်။ =)

(37) အပျော်ဆုံးဖြစ်မယ့်အချိန် - လောလောဆယ်တော့ double tax ပေးစရာမလိုတော့ဘူးဆို သိပ်ကောင်းမှာပဲ။

---

ပြန်တဂ်လို့ရတယ်ဆို ရွှေပြည်သူနဲ့ မကြေးမုံ ကို တဂ်ချင်ပါတယ်။
အဆင်ပြေရင် ရေးပေးပါနော်။ =)

---
၁၇.၀၅.၂၀၁၁။
၁၂း၂၈ ညနေ။

7 comments:

အနော် said...

ခင်ရေ တဂ်ပို့စ်လေး ရေးပေးတဲ့အတွက် ရှဲ့ရှဲ့..
ချန်းရတ်ထေ ဆိုလားပဲ ဟိဟိ ချစ်တယ်လို့ ထိုင်းလိုပြောကြည့်တာ ဟုတ်မဟုတ် မီး မသိ :)))
အံသွား မကောင်းဘူးဆိုလို့ စိတ်မကောင်း.. အနော်လဲ အတူတူ ..အံသွားက စောင်းပြီး ဘေးမှာလာထွက်နေတာ :(
သွားချင်တဲ့နေရာတွေနဲ့ စားချင်တဲ့အစာ၊ လိုချင်တဲ့စာအုပ် အဲ့တာတွေ ဝယ်ပေးချင်တယ်..
ထိုင်းထီ ၂၈ သန်းပေါက်ရင်
ထီပေါက်အောင် ဆုတောင်းပေးနော် ချစ် :PPPPP

ရွှေပြည်သူ said...
This comment has been removed by the author.
ရွှေပြည်သူ said...

သတိတရ Tag လို့ ကျေးဇူးတင်ပါတယ် မရေး) ရေးပြီးသွားပြီနော်... မ အဖြေတွေကို ရေးပြီးမှ ဖတ်ရတယ်။ ကိုယ်တွေ ၂ယောက်က အကြိုက်တွေ တူတတ်လွန်းတော့ ဖတ်ပြီးမှ ရေးရင် (သေချာတယ်) Influence တွေဝင်ပြီး တူနေမှာမို့လို့း)) စိုက်ထားတဲ့ အပင်လေးကို စိတ်ဝင်စားတယ်။ ဘာပင်လဲဟင် မ?

jr said...

@ အနော်လေး => အနော်လေးရေ .. လိုချင်တာလေးတွေ လုပ်ပေးမယ်ဆိုလို့ ကြည်နူးမိတယ်။
ထီထိုးဖို့လဲ မမေ့နဲ့နော်။

@ ရွှေပြည်သူ => sis ရေ .. ထူးထူးဆန်းဆန်းပဲ .. ပိန်းပန်း။း))
အပင်ကြီးပြီး အပွင့်တွေများလာရင် ဘုရားပန်းအိုးထိုးရအောင်ဆိုပြီးလေ။ နောက်ပြီး စကားပုံရှိတယ်လေ .. တသက်လုံးစိတ်ချမ်းသာချင် အပင်စိုက်ဆိုလို့။း))

ရွှေပြည်သူ said...

ပိန်းပန်းက ရိုးရိုးရှင်းရှင်းနဲ့ လှတာ မ... အမေဆို ပိန်းပန်းနဲ့ ပန်းအိုးခဏခဏထိုးတယ်။ ဘုရားတင်ဖို့ဆိုတော့ ကောင်းလိုက်တာ။ သာဓု သာဓု သာဓုပါ မရေး)

chocothazin said...

လတ်တလော စိတ်ဆန္ဒများလာဖတ်သွားပါတယ်။

မေသိမ့်သိမ့်ကျော် said...

ရင်ထဲက ဆန္ဒတွေကို ထပ်တူခံစားသွားပါတယ်။ လိုချင်တာတွေ ၊ လုပ်ချင်တာတွေ ချရေးထားတာ အများကြီးပဲနော်။း)

ခင်မင်လေးစားလျက်